ဈေးထဲမှာ
ဇရစ်ရိုးတွေ တွေ့တာနဲ့ ချဉ်ပေါင်နဲ့ ရောကြော်ဖို့ ၀ယ်ခဲ့တယ်။
ဇရစ်ရိုးကို တစ်လက်မ အရွယ်လောက် လက်ကလေးနဲ့ စိတ်ချွေပြီး ဆားရည်နဲ့
ခဏစိမ်ပါတယ်။ ပြီးတော့ ရေဆေးပြီး ဆန်ကာနဲ့စစ်ထားပါတယ်။ ချဉ်ပေါင်ကိုလည်း
ချွေပြီး ဆားရည် ခဏစိမ်ပြီး ရေဆေးထားပါတယ်။ ငရုတ်သီး ကြက်သွန်ဖြူနီ
ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ပုဇွန်ခြောက်မှုန့်ထည့်၊
ငါးပိစိမ်းစား ရေဖျော်ထည့်ပါတယ်။ ငရုတ်သီး လုံးကွဲလေးထည့်ပြီး
ဇရစ်ရိုးထည့်ကြော်ပါတယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ကြော်ပါတယ်။
ဇရစ်ထည့်ပြီး ခဏနေရင် ချဉ်ပေါင်ထည့်ကြော်ပါတယ်။ ဆီပြန်ပြီး ချဉ်ပေါင်ကို
အိနေအောင် မွှေပြီးကြော်ပေးပါတယ်။ အရသာမြည်းပြီး အနေတော်ဆို ချဉ်ပေါင်နဲ့
ဇရစ်ရိုးကြော်လေးရပါပြီနော်။
ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃